ဘာမှမရှိတော့တဲ့ ငါအတွက်
ဘာတွေများ မျှော်လင့်နေရဦးမှာလဲ ?
တခါတလေ နင်ရှိရာ
ပြေးလာချင်ပေမယ့်
လက်တွေ့ဆန်ခွင့်မရှိတဲ့
ငါ့အတွက်တော့
အရာရာ အိပ်မက်တွေပဲ
ဖြစ်ဖြစ်နေခဲ့ပြီ ကောင်လေးရရ် ... ။
တုတ်နှောင်မှုထဲက ငါ
စာရေးသူ... ယွန်းနှင်းဖြူ at 01:10 0 အကြံပေးချက် Links to this post
တရားသဘော
ပြောင်းလဲသွားမှန်းသိပေမယ့်
အဖြေရှာမတွေ့ခဲ့ဘူး
တကရ်တော့
သံယောဇဉ် ဆိုတာ
အချစ်လို မတည်မြဲခြင်းထဲ ... ။
စာရေးသူ... ယွန်းနှင်းဖြူ at 00:50 0 အကြံပေးချက် Links to this post
ခံစားချက်
စာရေးသူ... ယွန်းနှင်းဖြူ at 23:46 0 အကြံပေးချက် Links to this post
သတိရပေးပါ
ငါ့ပခုံးတစ်ဖက်
နားခိုနိုင်တာ
နင် ၀မ်းနည်းတိုင်း
အမှတ်ရ စေချင်တရ် ...
အားပေးချင်တဲ့
စိတ်အလျင်ရှိတာ
နင် စိတ်ဓါတ်ကျနေတဲ့အခါ
သတိရစေချင်တရ် ...
တူညီတဲ့
နှလုံးသားတစ်စုံရှိတာ
နင် ရှင်သန်ချိန်တိုင်း
အမှတ်ရစေချင်တရ် ...
လိုအင် တစ်ချို့ 
ဖြည့်ဆည်းပေးချင်တာ
နင် အကူအညီလိုတိုင်း
သတိရစေချင်တရ် ... ။
စာရေးသူ... ယွန်းနှင်းဖြူ at 01:52 0 အကြံပေးချက် Links to this post
တစ်ခါက
အပျင်းပြေပြောတဲ့
ချစ်စကားတွေ
အတည်ယုံလို့
ဘ၀ရဲ့ ရှင်သခင်ဘွဲ့ 
ငါ နှင်းအပ်ခဲ့ဘူးတရ် ...
ဟန်ဆောင်လိမ်ညာခြင်းတွေနဲ့
မျှော်လင့်ခြင်းတွေလည်း
နင် နင်းချေခဲ့ဘူးတရ် ...
နာကျင်စရာတွေ ပေး
ဝေဒနာတွေနဲ့ ဆွေးရင်း
အစဉ်လွမ်းနေတာ
သိစေချင်တရ်
အဝေးက ချစ်သူရရ် ... ။
စာရေးသူ... ယွန်းနှင်းဖြူ at 01:45 0 အကြံပေးချက် Links to this post
ဘာသာရပ် အချစ်
သင်္ချာပုစ္ဆာ တစ်ခုလို
ငါတို့ အချစ်ကို
ညီမျှခြင်း မချခဲ့ဘူး ...
Physics နိယာမလို
ငါ့ အချစ်အတွက်
တန်ပြန်တုန့်ပြန်မှုတွေ
မမျှော်လင့်ခဲ့ဘူး ...
Chemistry လိုလည်း
နင့်အချစ်ကို
ဓါတ်ခွဲခန်းမှာ မစစ်ဆေးခဲ့ဘူး ...
ငါသိတဲ့အချစ်မှာ
ဖွင့်ဆိုချက် မရှိတာ
နင် မသိခဲ့ဘူး ... ။
စာရေးသူ... ယွန်းနှင်းဖြူ at 01:14 0 အကြံပေးချက် Links to this post
ခံယူချက်
♥ တို့ နှစ်ဦးကြား
မာနတွေ တူခဲ့ရင်
အရှုံးပေးလို့ ချစ်ပါ့မရ် ...
♥ နောက်တစ်ယောက် နင်ထား
အသစ်ရှာ ချစ်ခဲ့ရင်
ငါ့ လိုအပ်ခြင်းလို့ ခံယူမရ် ...
♥ နင်ပစ်ခွာ မကြင်နာတဲ့အခါ
အလိုက်တသိ ရှောင်ဖယ်လို့
ဝေးဝေးကပဲ ချစ်ပါ့မရ် ... ။
စာရေးသူ... ယွန်းနှင်းဖြူ at 00:58 0 အကြံပေးချက် Links to this post